====================================
iPhone ၀ယ်မယ်ဆိုရင် အသစ်မှန်လျင် official one year limited warranty ပါပါသည်.. Activate လုပ်ပြီး iCloud Sign In လုပ်ပြီး ရင် Checkcoverage.apple.com မှာ Warranty သက်တမ်း ကို စစ်ဆေး နိုင်ပါသည်။
ဒါပေမယ့် ခု ပြည်တွင်းမှာ ရောင်းတဲ့ iPhone တွေကို warranty ဘယ်လောက် ကျန်သေးလဲလို့ စစ်လိုက်ရင် များသောအားဖြင့် ကိုယ်ဝယ်တဲ့ date နဲ့ တစ်နှစ်အပြည့်မရပဲ ၂ပတ်-၃ပတ် စောကုန်တာမျိုးကို ကြုံရမှာပါ။ အဲ့လိုမျိုးဆိုရင် စိတ်မပူပါနဲ့။ ဒါဟာ မြန်မာနိုင်ငံကို iPhone တွေ ကို import လုပ်တဲ့ transportation ကြာချိန် နှင့် ဆိုင်မှာ တင်ရောင်းရတဲ့ အချိန်ကြောင့် ဒီလိုမျိုးဖြစ်သွားရတာပါ။ စိတ်ပူစရာ လုံးဝမရှိပါဘူး။ ဒါပေမယ့် ဆိုင် ကနေ Packing ပိတ် အလုံး၊ Non-activated အလုံး ကို ၀ယ်သော်လည်း အခုလို ဘာကြောင့် Warranty ရက်များ လျော့ နေရတာလဲ? ဒါ ဟာ သူ့ Region အလိုက် ဖြန့်ဖြူးရောင်းချတဲ့ Authorised Distributor တွေက Packing မဖွင့် ပဲ Activate လုပ်လိုက်တာမျိုးကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုတာကလဲ Apple ကနေ Distributor များကို ချမှတ်ထားသည့် Regulation တစ်ခုဖြစ်တာကြောင့် စိတ်ပူစရာမလိုပါဘူး.. ဒါ့ကြောင့် Export မလုပ်ခင် Authorised Distributor များမှ Activate ကို Packing ဖွင့်စရာမလိုပဲ လုပ်လို့ရပါတယ်။ ဖုန်းတော်တော်များများ Activate မလုပ်ခင် ကတည်းက Warranty ကာလ စနေရခြင်းမှာ ဒါကြောင့်မို့ပဲ ဖြစ်တာမို့.. Used Phone ဖြစ်မှာ စိတ်ပူရန်မလိုပါ။ အခုလို လျော့ခဲ့ရင် တောင် ရောင်းသည့် ဆိုင် က ကိုယ်ဝယ်သည့် ရက် မှ စ ၍ တစ်နှစ်တိတိ ဆိုင် မှ လဲ ထက် Warranty ပေးပါတယ်..
Warranty ကာလအတွင်းမှာ error တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် Factory Error လားဆိုတာ ကို စဉ်းစားဖို့ ပြောချင်ပါတယ်.. Factory Error ဆိုရင် Apple မှ နောက်တစ်လုံး အခမဲ့ အစားထိုးလဲလှယ် ပေးတာသော်လည်းကောင်း၊ အခမဲ့ ပြင်ပေးတာ သော်လည်းကောင်း ပြုလုပ်ပေးပါတယ်။
ဥပမာ Factory error ဖြစ်ပြီ ဆိုရင် မြန်မာနိုင်ငံမှာဆို iSure မှာ ဆိုရင် Apple Warranty Service ဖြင့် မည်သည့် Region (LL/A, ZP/A, B/A, CN/A, CH/A) မှ Apple Device မဆို Apple Warranty Policy အတိုင်း ဆောင်ရွက်ပေးပါတယ်.. NAKZ Warranty Card ပါရင် တော့ Factory error ဆိုရင် အခမဲ့ ပါ.. ပုံမှန် ဆိုရင် တော့ Service Fees ရှိပါတယ်.. အချို့ဆိုင်တွေကတော့ Region သုံးခုလောက်ကိုသာ Apple Warranty Policy တိုင်းဆောင်ရွက်ပေးကြပါတယ်…
ဒီလိုအထောက်အကူတွေ ပေးထားတဲ့ Apple Warranty မှာလည်း warranty အကျုံးမဝင်စေတော့တဲ့ အခြေအနေတွေ ရှိပါတယ်။ အဲ့တော့ Apple Warranty မပျက်အောင် ဘယ်လိုထိန်းသိမ်းကြမလဲ?
၁) ရေမဝင်ပါစေနဲ့
“iPhone 7/ 7 Plus က ရေစိုခံတယ်လို့ ကြော်ငြာထားတာလေ။ ဘာလို့ရေစိုမခံရတာတုန်း” ဆိုတဲ့ စကားတွေ ခဏခဏ ကြားနေရတယ်။ iPhone 7/ 7 Plus ကို ကြော်ငြာကတည်းက “water proof” လို့ ကြော်ငြာခဲ့တာမဟုတ်ဘဲ “water resistant” လို့ပဲ ကြော်ငြာထားတာဖြစ်တဲ့အတွက် အခန့်မသင့် ရေထိခံတဲ့ အဆင့်ထိပဲ ရှိပါတယ်။ ရေစိုသွားရင်ဖြစ်တဲ့ liquid damage/ water damage ဟာ Apple ရဲ့ one year warranty အောက်မှာ တာဝန်ယူပေးမှာ မဟုတ်ပါဘူး။ liquid damage/ water damage ဟာ warranty ပျက်စေနိုင်ပါတယ်။
၂) မှန်မကွဲ (tempered glass) သုံးပါ
တကယ်လို့ ကိုယ့် iPhone က မတော်တဆ ကျ၍ မှန်ကွဲသွားရင်လည်း warranty ပျက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါကို Apple က user damage (သုံးစွဲသူ၏ အမှား) လို့ သတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မှန်မကွဲ မှန်ကပ်လေးတွေကို မဖြစ်မနေ ကပ်ထားပေးဖို့ တိုက်တွန်းပေးပါရစေ။
၃) Cover သုံးပေးပါ
ဘာလို့ Cover နဲ့ သုံးသင့် လဲဆိုတော့ Physical Damage ဆိုးဆိုးရွားရွား မရှိအောင်လို့ ပါ။ အချက်တုန်းကလိုပါပဲ၊ တကယ်လို့ ကိုယ့် iPhone က မတော်တဆ ကျသွားတယ်၊ ကျသွားတဲ့ အတွက်လည်း phone မှာ error (ဥပမာ၊ ၊ Camera မလာတော့ဘူး ဖြစ်သွားတယ်) တစ်စုံတစ်ခု ပေါ်လာတယ် ပြီးတော့ ကျသွားတဲ့ ဒဏ်ကြောင့် phone body ကလည်း သိသိသာသာ ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်သွားတယ် ဆိုရင်လည်း Apple ရဲ့ warranty အကျုံးမဝင်တော့ပါဘူး။ Apple က ဒါကို မိမိ ပေါ့ဆမှုကြောင့် လွတ်ကျ ပြီး နောက်ဆက်တွဲ ဖြစ်လာတဲ့ User fault လို့သတ်မှတ်နိုင်ပါတယ်။
၎) Error တစ်ခုခုဖြစ်ရင် Warranty ကို ဦးစွာ ဦးစားပေး စဉ်းစားပါ
Error တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့် iPhone ဟာ warranty ကျန်သေးလား မကျန်တော့ဘူးလားဆိုတာကို ကိုယ့် phone ရဲ့ imei သော်လည်းကောင်း၊ serial number သော်လည်းကောင်းဖြင့် https://checkcoverage.apple.com/ မှာ စစ်ဆေးလို့ ရပါတယ်။ တကယ်လို့ warranty ကျန်သေးတယ်ဆိုရင် warranty လမ်းစဉ်အတိုင်း သွားဖို့ကို တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကိုယ်က warranty service အမှန်တကယ် အရေးတကြီး လိုအပ်လာပြီဆိုရင် ဒီလိုမျိုး ပြင်ပဆိုင်တွေမှာ ဖုန်းဖွင့်ပြင်ဖူးတယ်ဆိုရင် Warranty ပျက်ပါတယ်.. warranty မကျန်တော့ဘူး ဆိုရင်တော့ ကိုယ့်သဘောပါပဲ။
၅) Factory Error ဆိုတာ ဘာ တွေလဲ ။
မိမိ သုံးနေသော Device သည် ရေထဲ ပြုတ်ကျ ဖူးခြင်း မရှိ၊ ဖွင့်ပြင်ထား ဖူးခြင်း မရှိ၊ လွတ်ကျ ၍ မှန်ကွဲ ထားဖူးခြင်း မရှိဖဲ… ဖုန်းလိုင်းမတက်တာ၊ ကင်မရာ အလုပ်မလုပ်တာ၊ ပါဝါမတက်တော့တာ စသည့် Error များရှိလာ ပြီ ဆိုရင် ဒါဟာ Factory Error ပါ။ မြန်မာနိုင်ငံမှာ iPhone တွေ iDevices တွေကို အမျိုးမျိုး ရောင်းချလေ့ရှိပါတယ် သို့ဖြစ်ပါ၍ မိမိ ဝယ်ထားတဲ့ Device တွေဟာ ဆိုင်တွေရဲ့Warranty ပေးမှု့ တာဝန်ယူမှု့ အမျိုးမျိုးကွာခြားပါတယ် ဒါကြောင့် မိတ်ဆွေတို့ ဝယ်ရင် ဘယ်လို Warranty ပေးနိုင်လဲ ပစ္စည်းရဲ့ စစ်မှန်ခြင်း ကောင်းမွန်ခြင်း အားလုံးကိုသေချာလေ့လာပြီး ဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။
-တခုထပ်ဆောင်းပြောချင်ပါသေးတယ် ဒါကတော့ သင့်လက်ထဲမှာ NAKZ Warranty Card ရှိနေရင် သင်သည် iSure ကို ဆက်သွယ်ပြီး Apple Warranty ဖြင့် Apple ဘက်မှ အသစ်တစ်လုံးသော်လည်းကောင်း၊ ပြုပြင်ပေး၍ သော်လည်းကောင်း အခမဲ့ ရယူနိုင်ပါသည်။ Factory Error ဆိုလျှင် Apple ဖက် မှ Service Fees မရှိပါ သို့သော် iSure ၏ Service Fees ရှိပါသည်။ NAKZ Warranty Card ရှိသော Customer များ အတွက် အခမဲ့ပါ။ NAKZ Warranty Card နဲ့ရောင်းချတဲ့ဆိုင်တိုင်းဟာလည်း စိတ်ချရတဲ့ ဆိုင်တွေထဲပါပါတယ်။ Admin သဘောကျတဲ့ Trusted Store ဖြစ်ပါတယ်။
အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။
Please Like & Share!
မေတ္တာဖြင့်
#iMyat237@Aye Myat San(iChoice)
iOS Users Association Myanmar
No comments:
Post a Comment